TOC

This article is currently in the process of being translated into Burmese (~97% done).

About WPF:

What is WPF?

Microsoft's က .NET framework ကို အသုံးပြုပြီး GUI framework အပေါ် အကောင်းဆုံးအားထုတ်မှုကတော့ WPF လို့ခေါ်တဲ့ Windows Presentation Foundation ပဲဖြစ်ပါတယ်။

ဒါပေမယ့် GUI framework ဆိုတာဘာများလဲ။ GUI ဆိုတာ ရုပ်ပုံအသုံးပြု မြင်ကွင်း (Graphical User Interface) ကိုပြောတာဖြစ်ပြီး၊ သင့်အနေနဲ့ အရာတစ်ခုခုကို မြင်ရအောင်ဖော်ပြထားခြင်းမျိုး၊ ရေးဆွဲထားခြင်းမျိုးဖြစ်တယ်။ Windows က သင့်ရဲ့ကွန်ပျူတာပေါ်မှာ GUI တွေနဲ့လုပ်ဆောင်ပြနေပြီး၊ browser ကလည်း သင် web မှာရှာဖွေပြီး စာတွေကိုဖတ်ရှုလို့ရအောင် GUI နဲ့ဖော်ပြထားနိုင်ပါတယ်။

GUI Framework သည် Label များ၊ Textbox များနှင့် အခြားလူသိများသော Element များကဲ့သို့ ကျယ်ပြန့်သော GUI Element များပါရှိသော Application တစ်ခုကို ဖန်တီးနိုင်စေပါသည်။ GUI Framework မပါဘဲ Element များကို ကိုယ်တိုင်ရေးဆွဲကာ Text နှင့် Mouse Input ကဲ့သို့သော User Interaction အခြေအနေအားလုံးကို ကိုင်တွယ်ရမည်ဖြစ်သည်။ ဒါက အလုပ်အများကြီးပါ၊ ဒါကြောင့် developer အများစုက Basic work မျာကို လုပ်ဆောင်ပြီး developer တွေကို ကောင်းမွန်တဲ့ Applications တွေဖန်တီးဖို့ အာရုံစိုက်ခွင့်ပြုမယ့် GUI framework ကို အသုံးပြုပါလိမ့်မယ်။

GUI framework တွေ အများကြီးထဲကမှ ပိုစိတ်ဝင်စားဖို့ကောင်းတာကတော့ WinForms နဲ့ WPF ပဲဖြစ်ပါတယ်။ WPF က နောက်ဆုံးထွက်ရှိထားတာဖြစ်ပြီး WinForms တွေကိုလဲ ဆက်အသုံးပြုနိုင်အောင် ထိန်းသိမ်းမှုတွေ ကူညီမှုတွေ Microsoft က ဆက်လက်လုပ်ဆောင်နေပါတယ်။ နောက် သင်ခန်းစာတွေမှာ အဲ့ framework ၂ခုရဲ ကွာခြားမှုကိုတွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ အဓိက ပန်းတိုင်ကတော့ တူတူပါပဲ။ application တွေ ဖန်တီးရေးဆွဲရာမှာ ပိုမိုလွယ်ကူစေဖို့ဖြစ်ပါတယ်။

နောက်အခန်းတွင် WinForms နှင့် WPF အကြားခြားနားချက်များကိုကျွန်ုပ်တို့လေ့လာပါမည်။